
မင်္ဂလာပါဗျာ။ဒီတခါတော့ မိမိ Android ဖုန်းမှာရှိတဲ့
Internet လိုင်းကို Computer သို့ Share ပေးချင်တဲ့အ
ခါ setting တွေကိုဘယ်လိုပြင်ဆင်ရတယ်ဆိုတာကို
တင်ပြသွားမှာဖြစ်ပါတယ်ဗျာ။အခက်ကြီးတော့မဟုတ်
ပါဘူးဗျာ။
ပထမဆုံး ဖုန်းထဲမှာရှိတဲ့ memory card ကိုထုတ်လိုက်ပါ။အဲ့လိုမလုပ်ချင်ရင်card ကို disable ပေးလိုက်ပါ။ပြီးရင် USB ကြိုးနဲ့ ဖုန်းကို ကွန်ပြူတာမှာချိတ်ပါ။
အင်တာနက်လည်းဖွင့်ထားဖို့လိုပါတယ်။အောက်ကအဆင့်တိုင်းဆက်လုပ်ပါ။
setting ထဲကိုဝင်လိုက်ပါ။Wireless and Network ဆိုတာတွေ့ပါလိမ့်မယ်။
Tethering and portable hotspot ထဲကို ဆက်သွားပါ။
USB tethering ကို အမှန်ခြစ်ပေးလိုက်ပါ။
ပြီးရင်အောင်ကသင်္ကေတလေးပေါ်လာပါမယ်။
အခုဆိုရင်တော့ သူငယ်ချင်းရဲ့ ကွန်ပြူတာမှာ အင်တာနက်သုံးလို့ရပါပြီ။
ဒီလိုကြိုးမသုံးဘဲ တခြား WiFi ဖမ်းလို့ရတဲ့ စက်(ဥပမာ-laptop , Android)တွေဆီ Wi'Fi အနေနဲ့ ပြန်လွှင့်ချင်တာဆိုရင်တော့ USB tethering ဆိုတာရဲ့အောက်မှာ portable WLAN hotspot
ဆိုတာပါပါတယ် အဲ့ဒါလေးကိုအမှန်ခြစ်ပေးလိုက်ရင် တခြားစက်တွေမှာ အင်တာနက်သုံးလို့ရပါပြီ။
portable WLAN hotspot ဆိုတာမပါရင်တော့ Portable WiFi hotspot ဆိုတာပါပါတယ်။အဲ့ဒီထဲဝင်ပြီလုပ်
လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်ဗျာ။အားလုံးအဆင်ပြေကြပါစေဗျာ။
No comments:
Post a Comment